ရိုးမသွားတဲ့ ဇာတ်လမ်းရိုးရိုးလေးများ အပိုင်း (၄) ဇာတ်သိမ်း
ရိုးမသွားတဲ့ ဇာတ်လမ်းရိုးရိုးလေးများ ရေးသားသူ – Ko Gyi Ngwe အပိုင်း (၄) ဇာတ်သိမ်း လူသစ်စိတ်သစ် ကျွန်တော်အမှောင်ထဲမှာ တစ်ယောက်တည်းလျှောက်သွားနေတုန်း မျက်စိရှေ့မှာမြင်တွေ့နေရတာတွေက ကျွန်တော်တွေ့နေမြင်နေကြ မြင်ကွင်မျိုး မဟုတ်ပါဘူး။ ယောင်နနနဲ့ စမ်းတဝါးဝါးလျှောက်သွားနေတုန်း နောက်ကနေ အသံတွေကြားလို့ လှည့်ကြည့်လိုက်တော့ များပြားလှတဲ့ လူလို့တောင်ပြောလို့မရတဲ့ ယောင်္ကျား မိန်းမ ပုံဆိုးပန်းဆိုး လူတစ်သိုက်က ကျွန်တော့်ကိုလိုက်ဆွဲနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်လည်း ကြောက်လန့်တကြား ပြေးလွှားနေတုန်း တစ်နေရာအရောက် ဆေးတံကြီးခဲထားတဲ့ ကရင်အဖိုးကြီးတစ်ယောက်ရဲ့ တဲအိမ်လေးကိုတွေ့လိုက်တော့ ကျွန်တော်လည်း တဲရှင်ကိုခွင့်တောင်းကာ အိမ်ပေါ်တက်ကာ ပုန်းနေလိုက်ပါတယ်။ ကျွန်တော့်ကို လိုက်နေကြတဲ့လူစုလည်း အသံပေါင်းစုံနဲ့ တစ်နေရာကို ထွက်သွားကြတာကိုလည်း အသံ တွေကတဆင့် သိလိုက်ရပါတယ်။ အန္တရာယ်တွေ လွတ်ကင်းသွားပြီမို့ ကျွန်တော်လည်း စိတ်လက်ပေါ့ပါးသွားကာ အိပ်ပျော်သွားခဲ့ပါတော့တယ်။ နောက်တော့… ‘အပါး အပါး သူသတိရပြီထင်တယ်’ လို့ မိန်းကလေးတစ်ယောက်အသံ ကြားလိုက်ရလို့ ကျွန်တော် မျက်စေ့ကိုဖွင့်လိုက်တော့ ကျွန်တော့်ကို ...